အဆက်စပ်မရှိ၊ မဆီမဆိုင်
မိတ်ဆွေတစ်ဦးက စတင်ပြီးစိတ်ပျက် စရာစကားများ ပြောသောအခါ အားလုံးက သူ့အတွက်စိတ်ပူပြီး၊ အကြံပေးကြ၊အားပေး ကြသည်။ စင်စစ်သူက သီချင်းစာသားများကို အပျော်ရေရွတ်ပြီး စကားဝိုင်းကို စလိုက်ခြင်း သာဖြစ်သည်။ သူ့ကို အကြံပေးသည့် မိတ်ဆွေများအနေဖြင့် သူမလိုအပ်သော၊ သူ မလိုချင်သော အကူအညီနှင့် အကြံဥာဏ် များကိုအချိန်ကုန်ခံပြီး ပေးမိခြင်းသာဖြစ်သည်။ ထိုမိတ်ဆွေ၏ အထင်အမြင်မှားစေသည့် စကားများ၏ အကျိုးဆက်အနေဖြင့်ဘာမှ ကြီးကြီးကျယ်ကျယ် (အမှား) မဖြစ်ခဲ့ပါ။ သို့သော်လည်း သူ တကယ်မလိုအပ်သောအရာကို ကူညီမစရန်စဉ်းစားရင်း တစ်စုံတစ်ယောက်က အခြားသူတစ်ဦး အမှန်တကယ်လိုအပ်ချက်ကို လျစ်လျူရှုမိ နိုင်သဖြင့် တကယ့်အမှားကြီး ဖြစ်သွားနိုင်ပါသည်။
လူအချို့က ဂရုစိုက် ခံရအောင်၊ စကားငြင်းခုံရာ၌အနိုင်ရအောင် မဆီမဆိုင် စကားများကို ကောက်နှုတ်ပြောချတတ်သည်။ အချို့က ပိုဆိုးသည်။ အခြားသူတို့အပေါ်တန်ခိုးသြဇာလွှမ်းမိုးနိုင်ရေး အမှန်တရားကိုပင် လှည့်စားသည်။ ၄င်းတို့သည် ဘဝများကိုသာမက စိတ်ဝိညာဉ်များကို အန္တရာယ် ဖြစ်စေနိုင်သည်။
အခြားသူတို့…
ခမည်းတော်၏ကမ္ဘာ
ဆန်ဒီရာဂိုး ပြည်နယ်၊ ပွိုင့် လိုမာ နာဇရင်းတက္ကသိုလ်မှ ပထမနှစ်မယ်သစ်လွင် အမဲန်ဒါ ဘီနာဗိုက်သည် ခရစ်ယာန်တို့၏ ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ သူ့အမြင်ကို ပြန်၍သုံးသပ်မိသည်။ သူက သဘာဝ ဝန်းကျင်ကို သတိပြုခံစားခြင်း နှင့် ယေရှုနှင့်သူမ၏ဆက်ဆံမှုမိတ်သဟာယ တို့သည် တစ်ခုနှင့်တစ်ခု မသက်ဆိုင်ဟုခံယူ လျက် ကြီးပြင်းလာသူဖြစ်သည်။ကမ္ဘာ့ဝန်းကျင်ကို ထိန်းသိမ်းရေး၌ ခရစ်ယာန်တစ်ဦး၏ကဏ္ဍနှင့် စပ်လျဉ်း၍ စဉ်းစားရင်းမှ၊ ကမ္ဘာ့ဝန်းကျင် ထိန်းသိမ်းရေးသည် ကမ္ဘာ့အဆင်းရဲဆုံးလူသား များကို မစကူညီခြင်းကိစ္စနှင့် အထူးသဖြင့် ဆက်နွယ်နေကြောင်း တွေ့ရှိလာပြီး သူမ၏ ခံယူချက်များ ပြောင်းလဲသွားသည်။
ဘုရားပေးအပ်သည့် လှပသည့်ကမ္ဘာမြေကို စောင့်ထိန်းခြင်း၊ ထိုကမ္ဘာ၌ မှီတင်းနေထိုင်သည့် လူသားများကို ဂရုစိုက်ခြင်းက ဘုရားသခင်ကို ကျွန်ုပ်တို့ လေးမြတ် အလေးထားကြောင်း ဖော်ပြရာကျသည်။ ထို့ပြင် ၄င်းသည် သမ္မာကျမ်းစာမှ နိယာမ (၂)ချက်၌ အခြေပြုသည်။
(၁) ကမ္ဘာကြီးကို…
လေးလွန်းသောဝန်
နံနက်စောစော မှောင်ရီဝိုးတဝါးအချိန်၌ ကားစက်နှိုးလိုက်ရာ ထိုင်ခုံခါးပတ် ပတ်ရန် အချက်ပြမီးက လင်းလာသည်။ တံခါးများ ဂျက်ကျမကျ သေချာစွာစစ်ဆေးပြီး၊ မိမိ ခါးပတ်ကိုလည်း ပတ်လိုက်သည်။ သို့သော် လည်း အချက်ပြမီးက မှိတ်တုတ် မှိတ်တုတ် လင်းနေဆဲပါ။ နောက်မှ ဖြည်းဖြည်းချင်း သဘောပေါက်ကာ ခုံလွတ်၌ တင်ထားသည့် လက်ဆွဲအိတ်ကို ယူလိုက်မှ မီးမှိတ်သွားသည်။
ဖုန်းတစ်လုံး၊ ၂၈ ပေါင်လေးသည့် အကြွေထုပ် ၃ ထုပ်၊ ကဒ်ထူဖုံး စာအုပ်တစ်အုပ်၊ နေ့လည် စာအတွက် အစားအသောက်များစသည်ဖြင့် ကျွန်မလက်ဆွဲအိတ်ကြီး၌ရှိသော ပစ္စည်း များက လူကောင်သေးသူတစ်ဦး၏အလေးချိန် ခန့်မျှရှိသောကြောင့် အချက်ပြမီးလင်းခြင်း ဖြစ်သည်။
လက်ဆွဲအိတ်ထဲမှ ပစ္စည်းများကို အလွယ်လေးထုတ်ယူလိုက်နိုင်သော်လည်း အခြားလေးလံသောဝန်များကိုမူ ဖယ်ရှားရန်မလွယ်။ ဘဝ၏ဝန်များအနက် စိတ်ဖိစီးလေးလံခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ဒါဝိဒ်မင်း၏အတွေးများကို လောင်ကျွမ်းစေသည့်အပြစ်ရှိခြင်း ခံစားရချက် (ဆာ ၃၂း ၁ -…
သွားပါစေ
လွန်ခဲ့သောနှစ်ပေါင်းများစွာက မိတ်ဆွေ လူငယ်တစ်ဦးသည် ကျွန်တော်တို့ကားကို ငှားရာ၊ ကားသည် ကျွန်တော်တို့ပိုင်သော ကျွန်တော့်ကား ဖြစ်ပြီး ထိုကားကိုပင် အားကိုး နေရ၍ အစတွင် ကျွန်တော်တို့ဇနီးမောင်နှံမှာ အင်တင်တင်ဖြစ်မိသည်။ နောက်မှ ဘုရား သခင်က အခြားသူကို ဂရုစိုက်စောင်မရန် အလိုရှိကြောင်းဝန်ခံကာ ကားငှားရန် သဘော တူလိုက်ပြီး ကားသော့ကို သူ့လက်ထဲ အပ် လိုက်သည်။ သူက မိုင် ၃၀ အကွာရှိ ဘုရား ကျောင်းတွင် လူငယ်နိုးကြားရေးအစီအစဉ် လုပ်ပြီး၊ ဘုရားသခင်က ထိုပွဲအားဖြင့် လူငယ် များကို ခရစ်တော်ထံသို့ပို့ဆောင်ခဲ့သည်။
ယေရှုက တပည့်တော်များအား အခြားသူ၏ မြည်းလေးကို ယူလာရန် ညွှန်ကြားသည်။ ဘုရားသားတော်သည် “ကြိုးဖြည်၍ ယူခဲ့ပါ” ဟုမိန့်မြွက်သည် (မာ ၁၁း၂)။ တစ်ယောက်ယောက်က ဆီးတားလျှင် “ကိုယ်တော် အလိုရှိသည်”ဟုပြန်ဖြေရမည်။ သို့မှသာ မြည်းလေးကို ယူဆောင်ခွင့်ရလိမ့်မည်။…
မျှော်လင့်ခြင်းသည် ဘယ်သူ့တွက်
ယခုခေတ်ကာလတွင် တွေ့ရကြားရသော အရာများကြောင့် ခြောက်ခြားမသွားရန် ကြိုးစား လည်း ဈေးတန်း၌ ကျွန်တော့်အနီး ဖြတ်သွား သည့် အမျိုးသမီး၏ တီရှပ်၌ “မျှော်လင့်ခြင်းသည် လူအများအတွက်” ဟူသည့် စာလုံးမဲကြီးကို တွေ့ရ၍ ကျွန်တော်လန့်ဖြန့်သွားရသည်။ ထုံအ လွန်းခြင်းက မိုက်မဲမှုဖြစ်ပြီး အန္တရာယ်ရှိသည်။ တစ်စုံတစ်ရာကို အခြေအမြစ်မရှိ၊ အကောင်း ချည်း စွတ်မြင်လျှင် ရလဒ်မှာ စိတ်ဓာတ်ကျခံစားရ သည်။ နှလုံးကြေကွဲရသည်။ သို့သော် မျှော်လင့် စရာ အခွင့်မရှိလျှင်၊ မပေးလျှင် ဘဝက ဝမ်းနည်း စရာ ဖြစ်ပြီး၊ ဘဝကို အဆိုးမြင်ခြင်းပင် ဖြစ်သည်။
သမ္မာကျမ်းစာ၏သွန်သင်ချက်နှင့်ညီသော မျှော်လင့်ခြင်းမှာ တစ်မူထူးခြားသည်။ ၄င်းသည် ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်းဖြစ်သည်။ လောကကြီးနှင့် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ကိုယ်တော်ပြုနေသည့်အမှုကို စိတ်ချခြင်းဖြစ်သည်။ ထိုစိတ်ချမှု၊ထိုမျှော်လင့်ခြင်းကို လူတိုင်းလိုအပ်သည်။ ဟေဗြဲသြ၀ါဒစာကို ရေးသားသူက မျှော်လင့်ခြင်း၏ အရေးကြီးမှုကို ရှင်းလင်းစွာဖော်ပြသည်။…
ဆုလာဘ်ရည်မှန်းလျက်
မတ်လရောက်တိုင်း အလက်စကား ပြည်နယ်တွင် Iditarod Trail ပြိုင်ပွဲကျင်းပ သည်။ စွပ်ဖားလှည်းဆွဲခွေးများ၊ လှည်းဆရာ “မူရှာ” များက Anchorage မှ Nome အထိ ခရီးမိုင်ပေါင်း (၁၀၄၉) မိုင် သွား ရသည်။ ဘယ်နေရာမှစ၍ပြိုင်ပြိုင် ဤခရီး အကွာအဝေးအတိုင်း သွားရပြီး အချိန် ၈ ရက်မှ ၁၅ ရက် အထိကြာသည်။ ၂၀၁၁ ခုနှစ်က “မူရှာ ဂျွန် ဘိတ်ကာ”သည် ခရီးစဉ်တစ်ခုလုံးအတွက် ကြာချိန် ၈ ရက်၊ ၁၉ နာရီ၊ ၄၆ မိနစ်၊ ၃၉ စက္ကန့်ဖြင့် စံချိန်တင်ထားသည်။ ပြိုင်ပွဲတွင် ခွေးများနှင့်မူရှာတို့၏ ပူးပေါင်းဆောင်ရွက်မှုက အနိုင်ရရေး ကျားကုတ်ကျားခဲ ဇွဲနပဲကြီးစွာ ကြိုးပမ်းအားထုတ်ရသည်။ ပထမဆုမှာ ငွေသားဆုနှင့်ပစ်ကပ် ထရပ်ကားသစ် တစ်စီးဖြစ်သည်။ အလွန်ဆိုးဝါးသောရာသီဥတုအခြေအနေ၌ ဇွဲနပဲကြီးစွာ ကြိုးစား…
ထာဝရအကျိုးနှင့် ထိုက်တန်အောင်လုပ်
“မကြာခင်မှာ သေရတော့မယ်ဆိုတာကို သတိရနေခြင်းက ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချနိုင်အောင် အထောက်အကူ ဖြစ်ခဲ့တယ်။ ဒီအချက်က တစ်ကယ့်ကို အရေးကြီးဆုံး ပါပဲ။ “အပြင်ပန်း မျှော်လင့်ခြင်း တွေ၊ မာန်မာနတွေ၊ အရှက်ကွဲမှာ၊ ရှုံးနိမ့်မှာ ကြောက်တဲ့စိတ်တွေ ဒါတွေအားလုံးက သေခြင်းတရားကို ရင်ဆိုင်ရပြီဟေ့ဆိုရင် ဘာမှမဟုတ်တော့ဘူး။ တကယ်အရေးကြီးတဲ့ အရာပဲ ကျန်ပါတယ်”ဟု Apple ကွန်ပျူတာ ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ စတိဗ် ဂျော့ဘ်စ်က ပြောပါသည်။ သူခံစားရသည့် ကင်ဆာရောဂါက သူ့ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိခဲ့သည်။
တမန်တော်ရှင်ပေတရုက သူ့စာ ဖတ်သူများအား ၄င်းတို့ခံစားရသည့် ဆင်းရဲ ဒုက္ခဝေဒနာများကို ထာဝရအကျိုးနှင့် တန်အောင်လုပ်ရန် အားပေးလိုသည်။
ယေရှု၏ဝေဒနာခံခြင်းနှင့် အသေခံခြင်းကို နားလည်ပြီး ထိုအသိ၏ တွန်းအားပေးမှုဖြင့် ဝိညာဉ်ရေးရာပဋိပက္ခများ၊ ညှင်းပန်းခြင်းများကို ခံယူရန်၊ ထိုသို့ ခံယူလျှင် ယေရှု၏နာမတော် ချီးမြှောက်စရာဖြစ်လိမ့်မည်။ ယေရှုကို ချစ်သော…
မိုးအကြောင်းဆင်ခြင်ခြင်း
ကျွန်မ အသစ်ပျိုးထားသော ခေါင်းလောင်း ပန်းပင်များပေါ်သို့ မိုးပြင်းထန်စွာ ရွာချရာ ကျွန်မ ကြေကွဲသွားသည်။ မုန်တိုင်းဒဏ် မခံရအောင် ပန်းပင်များကို အတွင်း တစ်နေရာရာသို့ သယ်သွားလိုက်ချင်ပါဘိ။ မိုးစဲသွားသောအခါ ပန်းပင်လေးများမှာ မြေပေါ်မျက်နှာအပ်လျက် နွမ်းသွားပုံရသည်။ သို့သော် နာရီပိုင်းအတွင်း ခေါင်းပြန်ထောင် လာပြီး ကောင်းကင်သို့ မျက်နှာမူကြတော့ သည်။ နောက်တစ်နေ့တွင် အပင်လေးများမှာ ခိုင်မာစွာ ပြန်ရပ်တည်လာကြသည်။
ကျွန်မက နေရောင်ခြည်ကို နှစ်သက်ပြီး၊ မိုးကြောင့် အပြင်ထွက်ရမည့် အစီအစဉ်များပျက်သွားလျှင် ဒေါသထွက် သည်။ တစ်ခါတစ်ရံ မိုးကို မကောင်းမြင် သည်။ ၄င်းသည် မှားပါသည်။ မိုးခေါင် ရေရှားသည့်ဘေးဒဏ်ခံစားရသူများက မိုးကို ကောင်းချီးမင်္ဂလာအဖြစ် သိမှတ် ကြသည်။ ဖြောင့်မတ်သူရော၊ မဖြောင့်မတ်သူတို့ အကျိုးအလို့ငှာ မိုးက မြေကြီးကို ကျေးဇူးပြုသည် (မ ၅း ၄၅)။
ဘဝမုန်တိုင်း…
ပထမဦးစားပေး
မြေးမလေး စာရာ အလွန်ငယ်စဉ်က သူကြီးလာလျှင် ဖခင်ကဲ့သို့ ဘတ်စကတ်ဘော နည်းပြဖြစ်လိုကြောင်း၊ထို့ကြောင့် သူကိုယ်တိုင် ကစားသမားအရင်ဖြစ်ရန်လိုပြီး၊ အားကစား သမားသည် ကိုယ့်ဖိနပ်ကြိုးကို ချည်တတ် ရမည်။ သို့သော် သူဖိနပ်ကြိုးမချည်တတ် သောကြောင့် သူမဖြစ်နိုင်ဟု ပြောရှာသည်။
ပထမအရာကို ပထမဦးစားပေးဟု ကျွန်တော်တို့ ပြောတတ်သည်။ ဘဝ၌ ပထမဆုံး ဦးစားပေးရမည့်အရာမှာ ဘုရားကို သိပြီး ကြည်ညိုသောသဘောရှိခြင်း ဖြစ်သည်။
ဘုရားကိုသိမှတ်ခြင်း၊ ဘုရားကို သိကျွမ်းခြင်း ပညာက ဘုရားဖြစ်စေလိုသည့် ပုံစံအတိုင်း ကျွန်ုပ်တို့ ဖြစ်လာအောင် အထောက်အကူပေးသည်။ ဒါဝိဒ်မင်းကြီးက သူ့သား ရှောလမုန်အား “သင့်အဘ၏ဘုရားသခင်ကိုသိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့” (၅ရာ ၂၈း ၉) ဟု အကြံပေးသည်။
ဘုရားသခင်ကို သိနိုင်ကြောင်း သတိပြုမှတ်သားပါ။ ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ယုတ္တိရှိသည့်အယူအဆ၊ ဓမ္မအတွေးအခေါ်တစ်ရပ် မဟုတ် ပါ။…
အရာခပ်သိမ်းကို မလုပ်နိုင်
လေးနှစ်သမီးလေး “အယ်လီနာ” က သူ့ ပစ္စည်းများကို မိခင်က ညအိပ်ရာမဝင်မီ သိမ်းဆည်းနေသည်ကို ကူ၍သိမ်းပေးနေ၏။ မိခင်က သူ့အိပ်ရာပေါ်မှအဝတ်များ သိမ်းရန် ပြောရာ သူက လှည့်၍ ခါးထောက်ပြီး “သမီး အားလုံးမလုပ်နိုင်ဘူး” ဟု ပြောလိုက်သည်။
ဘုရားက ခိုင်းစေသမျှတာဝန် များအပေါ် သင် ထိုသို့ခံစားရဖူးသလား။ အသင်းတော်၌ ပါဝင်ခြင်း၊ သက်သေခံခြင်း၊ မိသားစုကို ပြုစုပျိုးထောင်ခြင်း စသည်ဖြင့် အလုပ်များလှ ကြောင်း ခံစားရရန် လွယ်ကူသည်။စိတ်ပျက်ပြီး သက်ပြင်းချကာ “ကိုယ်တော် ကျွန်တော် အားလုံးကို မလုပ်နိုင်ဘူး”ဟု ဆုတောင်းမိ မည်။ သို့သော် ဘုရား၏ညွှန်ကြားချက်များကို ကြည့်လျှင် ထူးထူးခြားခြား မျှော်လင့်ထားခြင်းမျိုး မရှိကြောင်းတွေ့ရသည်။ ဥပမာ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့”(ရော ၁၂း၁၈) ဟု မိန့်ကြားထားသည်။ ဘုရားက ကျွန်ုပ်တို့၏…